Thursday, 3 October 2013

အခိုက်


နေမင်းသခင်
လမင်းရှင်တို့
လင်းစဉ်တုန်းက
အိပ်မောကျ
နှိုးထ သန်းခေါင်ည။

လကွယ်သန်းခေါင်
မိုးမှောင်ကျစဉ်
သူ့ရုပ်သွင်သည်
ကောင်းကင်ထက်မှ နတ်တမျှ။

ကြယ်ကြွေခဏ
တွေ့မြင်ရသည်
အစွယ်မျှမျှ ဘီလူးမ။

ခေတ္တခဏ
သြကာသတွင်
ကြွေကျစဉ်ဝင်း
မှောင်ကိုခွင်း၍
ဆောင်ကြဉ်းနှင်သည့်
အလင်းမျှင်ကြောင့်
မြင်ရတွေ့ရ ထိုခဏပင်
ငါ့လျှင်တန်ဆောင် မီးရှူးရောင်။

No comments:

Post a Comment