Friday, 16 August 2013

ဆရာ

သစ်တစ်ပင်
သူလျင်မစား
အများစားဖို့ သီးမြဲသီးတယ်။

မြစ်အလျဉ်
သူလျင်မသောက်
အများသောက်ဖို့ စီးမြဲစီးတယ်။

အပြစ်မမြင်
သစ်တစ်ပင်လို အသီးသီးရင်း
မြစ်အလျဉ်လို စီးဆင်းနေတယ်။

အမေ

ဒုက္ခအစုအပြုံကို 
သုခနိမိတ်ပုံနဲ့ 
လူ့ဘဝရိပ်မြုံ ကံကြုံခရီးမှာ 
ကံဆုံစည်း မရေရာသူတွက် 
ဝေဒနာမငဲ့ကွက်ဘဲ
 နေရာတစ်ကွက် ပေးခဲ့တာ အမေ။

အေး,ပူ,ဆာ,မော မပြောလဲသိ 
သဘောအရှိကို 
မနောပကတိနဲ့ဆုံးဖြတ် 
 နှလုံးသားရပ်ဝန်း မေတ္တာကျွန်းမှာ
 ဖြစ်ထွန်းတဲ့သွေး နီစွေးပေမဲ့
 ဖြူဖွေးတဲ့နို့ဖြစ်အောင် စွမ်းဆောင်ခဲ့တာ အမေ။

ထင်မရှိပေမဲ့ အစဉ်ရှိလေခဲ့ 
ရင်မချိ ခက်အတွေ့မှာ 
အမေ့လို့ဟစ်အော် ဖြစ်ပေါ်တဲ့ 
စွမ်းအား အသွေးသားထဲ 
မွေးဖွားပေးတာလဲ အမေ။

ဘဝခြားပြီမို့ 
ဘဝတပါးမှာလား 
မှတပါး အခြားမရှိအခြေမှာ 
သားမချိ ဒေသနာဖွေ ဖြေဆည်လျော့ခဲ့ပေမဲ့ 
မှားအသိ ဝေဒနာမပြေ ထွေလီနော့ ပွေရော့လေသလား
 မြေမဟီ သက်သေတည်လို့ရယ် 
လက်အုပ်ချီ ရည်ကာမှန်းတယ် ဝေး က သာ လွမ်း။ ။


Wednesday, 7 August 2013

ရင်ခတ်လှိုင်း

မွေးနေ့မှာ
တွေးကြည့်ဖို့က
ရေးဖြည့်ခဲ့ ကိုယ့်သမိုင်း။

ဝန်းကျင်အသိုင်းအဝိုင်းမှာ
အတွင်းပြင် ကိုယ့်ကြောင့်မရိုင်းခဲ့တာကိုက
စဉ်းစားမိတိုင်း
သြော် ... ကျေးနပ်စရာ ရင်ခတ်လှိုင်း။


သက်သေ



ကြွားချင်ရုံနဲ့
ကျားမထင်တဲ့လောက။

အများအမြင်မှာ
ကျားထင်စေချင်ရင်
ကျားအသွင်ကို မင်းပြ ။