Tuesday, 15 October 2013

ရမ္မက်


ပစ်ချင်လျက်
အပစ်ခက်သည်
ကိုယ်တိုင်ချစ်လျက် ရစ်ချည်လျက်။

ခွဲချင်လျက်
အခွဲခက်သည်
ကိုယ်တိုင်စွဲမက် တွဲချည်ဆက်။

အိပ်ချင်လျက်
အအိပ်ခက်သည်
ကိုယ်တိုင်တွေးဆက် ထွေးကွန်ရက်။

ဒုက္ခပင်လယ်ပြင်
သုခအမြင်နဲ့
ခင်စရာ့ ဘဝလှေရှင်
အနုသယဘဝင် ရမ္မက်ဟုန်မြှင့်မှာ
သမုဒယလေနှင် တက်ကုန်ဖွင့်မယ်
ရွက် စုံ တင် လွှင့် ။ ။

No comments:

Post a Comment