ကံဇာတ်ဆရာ
စေခိုင်းတာကို
ငိုပါဆို၍ ငိုဖူးသည်။
ကံဇာတ်ဆရာ
မျက်နှာသာတုန်း
ပြုံးပါဆို၍ ပြုံးဖူးသည်။
အကြမ်း အရမ်း
အလွမ်း အသော
ဇာတ်စုံနှောကာ
သဘောစရိုက်
ကြိုက်ကြိုက် မကြိုက်ကြိုက်
အလိုက်ထိုက်လျှင်
တရှိုက်မက်နှင် တငင်ဇောစော
က,ကွက်ကြောတွင် မျောဖူးသည်။
မမြင်ကွယ်ရာ တနေရာမှ
သူထားရာနေ သူစေရာသွား
သူလှည့်စားခံ သူ့ကျွန်မခံဟု
သူ့ကိုတွန်းလှန် သူ့ဒဏ်သူတပ်
သူ ပြန်ဆပ်ဖို့ သူ့ ဇာတ်အမွမ်း
ဇာတ်ညွှန်းဖတ်စဉ်
လက်မှတ်ရှင်မှာ
ငါလျှင်သာပင်
ငါလျှင်ဇာတ်ဆရာ
ဒါရိုက်တာဟု
သိခါမှတွင် နေလုံးဝင်သည်
ရောင်စဉ်များလည်း ပျောက်လေပြီ။
No comments:
Post a Comment