Tuesday, 15 October 2013

စွန့်ဝံ့မြဲ


လမ်းမပေါက်
လမ်းပျောက်သူတွက်
လမ်း ဖောက် ခဲ့ လေ သူ။

လမ်းမလျှောက်
မှန်းကြောက်သူတွက်
ကမ်း လျှောက် ခဲ့ လေ သူ။

ဆွံ့အ, မရဲ
ဖွင့်ဟ,ရဲအောင်
စွန့် မြဲ ဇွဲ နဲ့
ဝံ့နွှဲ ခဲ့ လေ သူ။

သူဖောက်ခဲ့ လမ်း
တက်လျှောက်လှမ်းလျက်
သူကမ်းတဲ့ လက်
ကျွမ်း မဲ့ ဖျက် ဖြုတ်
သူဖွင့်နှုတ်နှင့်
မဟုတ်တမ်းဆို
ယုတ် ရမ်း ပို ထွင်
လိုလျှင်တမျိုး မလို,ဆိုးကို
ရိုးမယ်မဖွဲ့ မနွဲ့မယိုင်
သွင်မဏ္ဍိုင်သို့
စဉ်ခိုင်ဓိဋ္ဌာန် သန္နိဋ္ဌာန်။ ။

No comments:

Post a Comment