Tuesday, 15 October 2013

ယုံ ကြည် ချက်


ဝေ ဟင် မှာ လ

နေ ချင် ပါ တဲ့ ကြယ် စင်။


ညဥ့် နက် နက် အ တွင်း

လင်း လက် ဖို့ သူ ပြင်။


မိုး ပြို ဖို့ ဆင်

အာ ကာ တွင် တိမ်း ဖုံး။


လေ မိုး ဆောင် လို့

သန်း ခေါင် ရယ် ဘယ် လို နက် လည်း

လင်း လက် မည့် ကြယ် တစ် စင်း မို့

အား တင်း လို့ ရုန်း။

တုံးတံတား


သံ သ ရာ ထဲ မှာ

ဝဲ ယာ ကို မ ငေး နဲ့ ကွယ်

ဘေး ထိ တတ် တယ်။


ရန် များ ကြွယ်

လိမ့် ကျ မယ် အောက်။


တုံး တံ တား လျှောက် သူ မို့

အ မုန်း များ ဖျောက် ပါ ကွဲ့

တုံး အောက် က ချောက်။

ဟုမ္မလင်း


အ ပူ လိုင်း မ ထင်

လူ တိုင်း ရင် အ မုန်း ရှင်း ပါ တဲ့

ဟု မ္မ လင်း မြေ။


လှမ်း နေ သူ တမ်း မ ပြေ

လွမ်း ဝေ ဒ နာ နဲ့။


ဖော် ရွေ စွာ

ဆွေ သ ဟာ တစ် သိုက် ရယ် နဲ့

နေ လာ ရ အ ခိုက် လေး ကို

ရ လိုက် ချင် ရဲ့ ။

ရမ္မက်


ပစ်ချင်လျက်
အပစ်ခက်သည်
ကိုယ်တိုင်ချစ်လျက် ရစ်ချည်လျက်။

ခွဲချင်လျက်
အခွဲခက်သည်
ကိုယ်တိုင်စွဲမက် တွဲချည်ဆက်။

အိပ်ချင်လျက်
အအိပ်ခက်သည်
ကိုယ်တိုင်တွေးဆက် ထွေးကွန်ရက်။

ဒုက္ခပင်လယ်ပြင်
သုခအမြင်နဲ့
ခင်စရာ့ ဘဝလှေရှင်
အနုသယဘဝင် ရမ္မက်ဟုန်မြှင့်မှာ
သမုဒယလေနှင် တက်ကုန်ဖွင့်မယ်
ရွက် စုံ တင် လွှင့် ။ ။

ဒုတိယ ခြေလှမ်း


အတိတ်ကယက်
အဆိပ်တက်တဲ့ ညတွေဆို
ဘဝကမချို ။

အထီးကျန်လှတဲ့
အကျည်းတန် ညတစ်လျှောက်မှာ
မီးလျံတွေ ဘယ်လိုတောက်
တစ်ယောတည်းမငို။

အရိပ်မချို
အတိတ်ကိုလဲ ရန်မဖက်
စိတ်အလို အကြံခက်လဲ
ကံရဲ့အဆက်။

အဖြစ်သရုပ်မှန်ကို
အနှစ်ထုတ်ရန် မှားကံဖျက်လို့
ပစ္စုပ္ပန် အားမာန်ဆက်မယ်
လက်ကျန်ရှင်သက်။