သေနပ်ပစ်
မှန်အောင် ပစ်သတဲ့
တွင်ရစ်ခဲ့ သမိုင်းအစဉ်
ရိုင်းတဲ့ရာဇဝင်...
စကားမဆင်
တရားမယှဉ်တဲ့
မုသားသခင်
အို...စစ်အာဏာရှင်...
သေရွာမှ
ခဏရှင် ခဏမြင်စေချင်ရဲ့...
ပစ်တာဟာ မှန်ပေမဲ့
မှန် တာက ပြည်သူဖြစ်
ပြည်သူအစစ်ပင် ရန်သူဖြစ်လို့
ရန်သူအစစ်ပင် ပြည်သူဖြစ်ခဲ့ပြီလော
သို့လော သို့လော သည်သဘောကို
ခေတ္တစစ်ကြော မည်သို့ပြောလိမ့်။
No comments:
Post a Comment