ဆောင်းလေမရှိကာမှ
တပေါင်းနွေကပွေ။
ရော်ရွက်တို့ အရှင်ခက်
အပင်ထက် ပျော်လျက်ကယ်နဲ့
အဖော်ပျက်လို့ကြွေ။
နှစ်ခါမသေ
အခါနွေ ကြွေတဲ့ ရော်ရွက်
ပျော်ရက်စေ မင်း။
နွေအခါကိုမတိမ်းနိုင်သေးတဲ့
ဝေဒနာအစိမ်းသည် ဥသြပျိုမှာတော့
ဆွေးငိုရင်း ဗျာပါပွေ
တေးဆိုရင်း အခါခါသေ
ဝေဒနာ နွေတလင်း။
No comments:
Post a Comment