Monday, 23 September 2013

ဖြေ


ပေါ်မလာ
အတော်ကြာခဲ့ အဖေ...
မမျှော်သာ
အခေါ် ရှာတဲ့ အမေ...
သား ဒီမှာ နေ
ခဏလေ အမေ ပြန်ခဲ့မနော့
ချန်ခဲ့ပေါ့ ချွေးသိပ်ဖြေ။

မှာတမ်းချွေ မေ့စကား
လာလမ်းကို ရော်ကာယမ်းလို့
မျှော် တမ်း တဲ့ နွမ်းညနေ
လွမ်းက မပြေ။

ဖြေသာဖြေ
ရွာနေလူ ကျန်သူများ
ညံဆူကာ လှုပ်ရှားလို့
ထုပ်များနဲ့ ထိတ်လန့်ဟန်
တိတ်တိတ်သံ မျက်ရိပ်ပစ်လို့
စစ် ဆိုတဲ့ အသံ
ညချိန်တန် ...
ခွေးအူသံ မှတပါး
သုသာန်သွင်
တစပြင် အလားနှယ်
ထင်မှတ်ကယ်မှား။

ပြန်ချိန်ရယ် သင့်
ပြန်ခွင့်ရယ်မကြုံ
ငင့်ကြမ္မာကုန် မဆုံ ခွဲခဲ့လေပြီထင့်
ခွင့်ကံကိုပုံ နုံခြာနည်းခဲ့လို့လေလား
(ဪ...အမေရယ်)
သင့်ရာဆုံ ဘုံဘဝမှာဖြင့်
မှုန် ရီ စည်း ခြား။ ။

No comments:

Post a Comment