Tuesday, 17 September 2013

မစ္ဆိမဘဝိက


အခါခါခွဲလဲ
အကာပဲ ကွဲမည်။

အနှစ်မကွဲ
ဖြစ်မြဲ ဖြစ်တည်။

လောကဓံလေသည်
ဘယ်ဆီ ဘယ်အခါ ရမ်းရမ်း
ဆယ်လီ ဆယ်ခါ ကြမ်းကြမ်း
မနွမ်းသည့် အစွမ်းတွေနဲ့
သူလှမ်းသည့်လမ်း။

ဇာတိ ဇရာ
ဗျာဓိ မရဏာ ခမ်းခြောက်လို့
တစ်ဖန်တောက်မည့် လောင်စရာမရှိ
လောင်စာပျောက်သည့် စခန်းဆိုတာရယ်
သူမြန်းမည့်နန်း။

No comments:

Post a Comment