ပန်းမကြိုက်ပေမဲ့
ပန်းကြိုက်သူ နန်းထိုက်စေဖို့
ပန်းစိုက်သူ ကျွန်တော်။
တခြားအပင်ထက်
အားအင်တက်မလားလို့
အမှားအမြင်နဲ့
အခြားအပင်တွေ
ဖျက်သူလဲ ကျွန်တော်။
တစ်တောမှာ တစ်ပင်
တစ်ပင်မှာတစ်ပွင့်
အစဉ်ဝံ့မလားလို့
ယှဉ်ပွင့်တဲ့အပွင့်
ပင်မြင့်ထက်မဝေ
လွှင့်ချွေခဲ့တာလဲ ကျွန်တော်။
စရိုက်ဆန်းဆန်း
မိုက်ကန်းကန်း သရုပ်စုံနဲ့
က,ကွက်ပုံ ရက်စက်ကြမ်းပေမဲ့
ဇာတ်ခုံအပြင်ဖက်ခြမ်းမှာလေ
ရှိုက်လွမ်းခဲ့ရတာလဲ ကျွန်တော်။
(အတွေးစ တစ်ခုလောက်တော့ ကျန်နိုင်ကောင်းပါရဲ့လေ)
မိတ်ဆွေတစ်ယောက်ကောင်းမှုနဲ့ ကဗျာဘလော့တစ်ခု ကောက်ရသလိုပါပဲဘုရား...မြန်မာရနံ့ကဗျာတွေ ရှားပါးလာတဲ့ သည်ဘက်ခေတ်မှာ နဘေနိုင်နိုင်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် စပ်ထားတဲ့ ကဗျာတွေ ပြန်မြင်ရတော့ အတိုင်းမသိကို ပီတိဖြစ်ရပါလေရော...အဟောင်းတွေလည်း ပြန်ဖတ်လိုက်ဦးမယ် ဘုန်းဘုန်းရေ...
ReplyDelete( ဟန်ကြည် )
ဟုတ်ကဲ့ ဒကာကြီး ... ကဗျာလေးတွေ လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကဗျာတွေရဲ့ အပိုအလိုလေးတွေကို ဝိုင်းဝန်းဝေဘန်ထောက်ပြပေးဖို့လဲ ဦးဇင်းအကူအညီတောင်းပါရစေ ... ။ ကျေးဇူးတင်ပါတယ်။
Delete